ရေတာရှည် ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ (၅) ချီအထူးစိန်ခေါ်ပွဲများကို ယနေ့ နေ့လယ်(၁)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲတွင် ယနေ့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့်သူများမှာ စောစောထူး (တောင်ငူ)နှင့် ဝါးဝါး(နမ်ချွန်)တို့ဖြစ်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေထက်လင်း (ခင်တန်းလေး)နှင့် စောသားငယ် (တောင်ငူ)ပြည်နယ်/တိုင်း ရွှေတံဆိပ်ဆုရှင်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စောသားကြီး(တောင်ငူ) ပြည်နယ်/တိုင်း ရွှေတံဆိပ်ဆုရှင်နှင့် အားနိုးလေး(ရေတာရှည်) ပြည်နယ်/တိုင်း လက်ရွေးစင်တို့က ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး တက်ရောက်လာကြသည့် လက်ဝှေ့ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)