တာချီလိတ်မြို့၌ ဒီဇင်ဘာလ (စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများကိုယ်လက်ကျန်းမာကြံ့ခိုင်ပြီး လမ်းလျှောက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ် ၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ (စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ခရိုင်/မြို့နယ် စုပေါင်းရုံး စုရပ်မှစတင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ  စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)  စည်ကားသိုက်မြိုက်စွာကျင်းပ

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကို ယနေ့နံနက် ၅ နာရီခွဲခန့်က ကော့သောင်း မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းမျက်ကွယ်ကုန်းနေရာ နှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆက် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းရှိ မျက်ကွယ်ကုန်းနေရာ နှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာန၏ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီ၀င် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း (မြောက်)ကျေးရွာ “ဉာဏသုခ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တို့ပူးပေါင်း၍ ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စတုတ္ထပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တစ်မျိုုးသားလုံးကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဒီဇင်ဘာ အားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့၌ ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျောက်ပွဲ စတုတ္ထပတ်ဆင်နွှဲ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင် ဘာလလူထုအားကစားလှုပ်ရှားမှုအဖြစ် လူထု စုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထပတ်)ကို ယ နေ့နံနက် ၅း၃၀ နာရီအချိန်ခန့်က မြို့နယ်ထွေ/ အုပ်ရုံးရှေ့မှ စတင်လမ်းလျောက်ခဲ့ကြသည်။

သဘာဝမြေဩဇာ(စူပါဘိုကာရှီ) လက်တွေ့ ပြုလုပ်သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးပွဲကျင်းပ

စပါးခွံကိုအသုံးပြု၍ သဘာဝမြေဩဇာ (စူပါဘိုကာရှီ) လက်တွေ့ပြုလုပ် သုံးစွဲခြင်းနှင့် ပေါင်းလိုက် သမန်းနှိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်နံနက်က ပြုလုပ်သည်။

ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မုဋ္ဌောကိုးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ဘုရားကြီးကုန်း မဟာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘုရားကြီးကုန်းကျောင်းတိုက် ဓမ္မဗိမာန်တော်၌ကျင်းပခဲ့သည်။
Subscribe to