ကျောက်မဲ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ဒို့အတူ မဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လယ် ၂ နာရီက လူစည်ကားရာနေရာဖြစ်သည့် ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် ညဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက်ရည်ရွယ်၍ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဈေးရောင်းဈေးဝယ်လာကြသည့် ပြည်သူများထံသို့ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ကမ်းစာစောင် စောင်ရေ ၃၀၀ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေး ပြည်သူများထံ အသိပေးလှုံ့ဆော်မှုများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်