ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ

ဒေသခံပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စွမ်းအားမြှင့် E-Free မီးဖိုများဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မရိုးတောကျေးရွာသို့သွားရောက်၍ စွမ်းအားမြှင့်E-Free မီးဖိုများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အမရပူရမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး မြို့နယ်ထွေ/အုပ်နှင့် မိတ်ဖက်ဌာနများ၊ လူမှုရေး အသင်းအဖွဲ့များက မြို့မဈေးအနီးတွင် Mask Campaign ပြုလုပ်

ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇကွဲရောဂါများ ကူးစက်ဖြစ်ပွားမှု လျှော့နည်းကျဆင်းစေရေးတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်တိုင်းတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံတပ်နယ်မှ အရာရှိများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြင့် ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးအနီးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မင်္ဂလာဒုံဈေးကြီးအတွင်း၌ ယနေ့နံနက် (၈)နာရီအချိန်က စျေးသူ၊ စျေးသားများနှင့် စျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များမဖြစ်မနေ တပ်ဆင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးနှင့် မြို့နယ်လဝကဦးစီးမှူးရုံးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ ရစ်ကံကြီးကျေးရွာအနီး၊ သံဒင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ရစ်ကံကြီး‌ကျေးရွာအနီး၊ သံဒင်းချောင်းတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့်လူနေအိမ် (၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စက်တင်ဘာ ၂၆ နေ့က မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်လဲကျမှုကြောင့် လူနေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးမှုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီဝန်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်ဖြင့် နေ့စဉ်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန် က မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Subscribe to