သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့စာအုပ်များအခမဲ့ငှားရမ်းပေး

သံတောင်ကြီး    စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်၊     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ   စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့်မလာရောက်နိုင်သည့်   စာဖတ်သူများ  အလွယ်တကူ    စာပေလေ့လာဖတ်ရှုနိုင်ရန် မန်နေ့ နေ့လယ်()နာရီအချိန်က   နယ်လှည့်စာ ကြည့်တိုက်ကို   သံတောင်ကြီးမြို့ရပ်ကွက်()   ကွင်းဆင်း၍ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင် းသိရသည်။

ထိုသို့ စာအုပ်များ  ကွင်းဆင်းငှားရမ်းပေးရာတွင်    သုတစာအုပ်၊   ဝတ္တူ၊  ဂျာနယ်၊  မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များစုံလင်စွာ  ငှားရမ်းပေးခဲ့ပြီး  ငှားရမ်းပေးခဲ့သည့်စာအုပ်များအား တစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ်  လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ် ကြောင်းသိရသည်။

နော်နော်မူ