ဒဂုံမြို့နယ်ရှိဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ လူဝင်လူထွက်များသော အစားအသောက် ရောင်းချသည့်ဆိုင်များနှင့် ဈေးဆိုင်၊ စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်း က မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက လူစည်ကားရာဆိုင်များ၊ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း လက်ကမ်းများပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။