တနင်္သာရီမြို့တွင် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားစွာကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ SAGAING CINEMA ရုပ်ရှင်ရုံမီးလောင်မှုဖြစ်ပွား

စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ SAGAING CINEMA ရုပ်ရှင်ရုံတွင် ယမန်နေ့နံနက် ၁၁:၂၀ နာရီအချိန်ခန့်က မျက်နှာကျက်သံပန်းအား ဝရိန်ဆော်ရာမှအနီးရှိ အသံလုံ ဆိုးပြားပေါ်သို့ မီးပွား လွင့်စင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုအား ကွင်းဆင်းကြည့်ရှု

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် မွန်ပြည်နယ်အတွင်းရှိ နှစ်(၁၀၀)နှင့်အထက် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ (၁၂) ခုမှ သင့်လျော်သော ရှေးဟောင်းအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်‌ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကသာမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင် အတည်ပြုတပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၁၈ ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များ၊ မဲပေးရာတွင်အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်များအား  SD ကတ်ထည့်သွင်းခြင်း၊ BU paper များ တပ်ဆင်ခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ စက်များစစ်ဆေးခြင်းနှင့် Installation  ပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကသာမြို့(၃၀၉) ခြေမြန်တပ်ရင်းတွင် ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ရက်က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပင်လုံမြို့၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၁၂ ရက်က ပင်လုံမြို့ဌာနဆိုင်ရာရုံးများနှင့် မြို့မစျေး၌ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧဝံဂေလိဓမ္မကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်နှင့် မိသားစုခရစ္စမတ်ပွဲတော်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း (အင်ဂျန်ဒုံ) ရပ်ကွက်အတွင်းရှိ ဧဝံဂေလိဓမ္မ ကောလိပ်၏ (၆၁)ကြိမ်မြောက် ဓမ္မဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အဆိုပါ ကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူ များတက်ရောက်အားပေးခဲ့ကြသည်။

ရေဦးမြို့နယ်တွင် ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကဦးစီးကျင်းပသော ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က စုရပ်ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မင်းရဲကျော်စွာလမ်းမှ ‌မြို့မ စည်ပင်သာယာဈေးလမ်း၊ ထိုမှတဆင့် အလယ်လမ်းမှ ဒီပဲယင်းလမ်းအတိုင်း သတ်မှတ်နေရာအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

သနပ်ပင်မြို့နယ်တွင် ဒီဇင်ဘာ ဒုတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပထမပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နံနက် (၅)နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲ

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပရာ ဌာနဆိုင်ရာများ၊ ဒေသပြည်သူလူထု စုစုပေါင်း လူဦးရေ ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး စီတာပူမနောကွင်းအတွင်း ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။
Subscribe to