သနပ်ပင် ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပထမပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နံနက် (၅)နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
စုပေါင်းလူထုလမ်းလျှောက်ပွဲ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်စုဝေးပြီး သနပ်ပင်မြို့မဈေးရှေ့ရှိ ဇမ္ဗူရဇ်လမ်း၊ နဝရတ်ကိုးသွယ်းလမ်းနှင့် လမ်းမတော်လမ်းတလျှောက်တို့မှ မြို့နယ်အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်းအတွင်း ကိုယ်လက်လှုပ်ရှား လေကျင့်ခန်းများပြုလုပ်ကြသည်။
အဆိုပါ စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားမှူး ဦးကျော်သီဟထွန်းက ဦးဆောင်ပြီး ဒီဇင်ဘာ လူထုလမ်းလျှောက်သီချင်းဖြင့် ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊(၂)၊ physical fitness dance တို့ကို ဦးဆောင်ကပြခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်များအတွင်းမှ ဒေသခံပြည်သူ စုစုပေါင်းအင်အား (၃၀၀)ဦးကျော်ခန့်က ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြပြီး မြို့နယ်အားကစားကွင်းအတွင်း၌ ပါဝင်လမ်းလျှောက်လာကြသူများအား ကျား/မ မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူများမှဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)