အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်​​ဖြင့် ရပ်ကွက်များအတွင်း စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေး

အမာ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်၍ စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်သူများ အား ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်း ပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့မ(၃)ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်အသင်းဝင် ()ဦးအား သုတစာအုပ် (၁၈)အုပ်၊ ရသစာအုပ်()အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)