မိုင်းယန်းမြို့နယ်၌ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား လာရောက်ဖျော်ဖြေ

မိုင်းယန်း အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အမှတ်(၃)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၁ ရက် ည ၈ နာရီခန့်မှ စတင်၍ မြို့မအားကစားဘောလုံးကွင်းအတွင်းတွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ကပြဖျော်ဖြေပွဲတွင်  ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး၊ အမှတ်(၃)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)၊ ဗိုလ်ကြီး သန်းမြင့်ဦး ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးများတို့မှ သီဆိုကပြမှုဖျော်ဖြေရေးအစီအစဉ်များ၊ တစ်ခန်းရပ် ဟာသပြဇာတ်များနှင့် မျက်လှည့်လက်လှည့် အစီအစဉ်များဖြင့် ခင်မင်ရင်းနှီးစွာကပြ ဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် မိုင်းယန်းခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း ပွဲဖြစ်ရောက်ရေး ကော်မတီမှ သိရသည်။

ထွန်းထွန်းထူး