ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်စာစောင်ခင်းကျင်းပြသ

ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က သားတို့၊ သမီးတို့ ကျောင်းသား​၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်နှင့် စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များဖြင့် တရင်းတစ်နှီးဖြစ်စေရန်၊ စာအုပ်၊ စာစောင်ငှားရမ်းဖတ်ရှု အလေ့အကျင့်ရှိလာရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ပညာ မြင့်မားတိုးတက်စေရန်၊ ပြည်သူ့စာကြည့်ရှိ စာအုပ်များငှားရမ်းဖတ်ရှု အလေ့အကျင့်ကောင်းများ ရှိလာစေရန်၊ အချင်းချင်းဆွေးနွေးတိုင်ပင်တတ်လာစေရန်၊ လိမ္မာရေး ခြားရှိလာစေရန်၊ သုတ/ရသ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ခံစားသိရှိလာစေရန်၊ အသိပညာ၊ အတတ်ပညာများ တိုးပွားမြင့်မားလာစေရန်၊ စာပေ၏ ကျေးဇူးများ သိရှိလာစေရန် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ၈ ဦး တက်ရောက် ယှဉ်ပြိုင်ရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။ ဆက်လက်ပြီး စာအုပ်စာစောင်များ ခင်းကျင်းပြသကာ​ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာဖြင့် ဖတ်ရှုလေ့လာပြီး အချင်းချင်းဆွေးနွေးဖလှယ်ကြသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)