မိုင်းဖြတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို အောက်တိုဘာလ ၁၂ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်း က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်းက အများပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုမရှိစေရေးအတွက် အသိပညာပေးကဏ္ဍများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဇာဇာက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မိုင်းဖြတ်မြို့နယ်အတွင်း အများဆုံးဖြစ်ပွားတက်သည့် သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ် တစ်ခုခုနှင့်ဖြစ်ပေါ်ကြုံတွေ့ခံစားရပါက မိမိတို့၏ အသက်အန္တရာယ် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး