ရန်ကင်းမြို့နယ်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထက် ကျောင်းပြင်ပကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ရန်ကင်း အောက်တိုဘာ ၁၂

ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ အချိန် ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်း အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် အသက် ၁၈ နှစ်အထက်များအား ပထမအကြိမ် Covaxin ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထက် ကျောင်းပြင်ပ ကလေးများအား Sinovac ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိ သည်။

ထို့နောက်  Sinopharm/Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၆) လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac) နှင့် Covishield ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး(၆)လပြည့်ပြီး သူများအား (Sinopharn) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ထိုးနှံရာသို ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)