ကာမိုင်းမြို့၌ ပုံ‌ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကာမိုင်း အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ သည်။

ထိုသို့ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ KG တန်းနှင့် Grade-5 တန်းမှ ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌‌စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ပြသရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုံ‌ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော KG တန်းနှင့် Grade-5 တန်းမှ ကလေးငယ်(၁၅)ဦးအား ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို မြို့ဦးစီးမှူး တာဝန်ခံ ဒေါ်ရွှေဇင်ဦးမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သုတရသစာအုပ်စာစောင်များကို ဆက်လက်ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)