ဒေးဒရဲမြို့ရှိ ဖျာပုံ-ဒေးဒရဲ ( ၃၃) ကေဗွီလိုင်းရှိ ဓာတိတိုင်းကျိုးပဲ့ ပျက်စီးမှုအား ပြုပြင်လှဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ရရှိရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည (၁၁) နာရီခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တညင်ကုန်းကျေးရွာ အနီးတွင် သွယ်တန်းထားသော ဖျာပုံ-ဒေးဒရဲ (၃၃) ကေဗွီ ဓာတ်အားလိုင်းရှိ (10M) တိုင်တစ်တိုင် တိုင်ခြေမှ ကျိုးပဲ့ပျက်စီးမှု ဖြစ်ပွားခဲ့ရာ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်( ၃) ရပ်ကွက်နှင့် ကျေးရွာ(၁၄) ရွာတွင် လျှပ်စစ်ဓာတ်အားများ ယာယီပြတ်တောက်လျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မင်းတုန်းမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသားကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့်ကျေးရွာ (၁၂) ရွာ အနက်မှထပ်တိုး ဆောင်ရွက်ရသည့် ထန်းပင်မှော်ကျေးရွာအုပ်စု ကျောင်း ကုန်းကျေးရွာတွင်ယမန်နေ့က ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် ကျေးရွာလူထုမှ သဘောတူသည့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း တို့ဆောင်ရွက်ခဲ့သည်။

မချမ်းဘော့မြို့ (Community Centre)၌ ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးရေး အသိပညာပေး (Talk Show)ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချန်း​ဘော့မြို့တွင် ဆီထွက်သီးနှံ ဆီမုန်ညင်းစိုက်ပျိုးတောင်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆီထွက်သီးနှံ ဆီမုန်ညင်း စိုက်ပျိုး ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉နာရီက မချမ်းဘော့မြို့ Community Centre)ခန်းမ၌ ကျင်းပသည်။

ကမာဝက်မြို့တွင် ဆံတော်ရှင် ကျိုက်တမော့ ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် (၁၂၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲနှင့် (၃၈) ကြိမ်မြောက် ပဒေသာပင် လောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် (၁၂၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ နှင့် (၃၈)ကြိမ်မြောက် ပဒေသာပင်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက မြို့တွင်းလမ်းတလျှောက်၌ ကျင်းပသည်။

မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲကျောပိုးအိတ်(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ ဆက် ဆံရေး တပ်ခွဲကျောပိုးအိတ် (အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီမှ စတင်၍ မိုင်းခုတ်တပ်နယ်၊ အမတ (၃၈၇)ရှိ ဘုရင့်နောင်ခန်းမ၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် နေကြာသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရေးတို့အတွက် ယခုနှစ်ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက ပြောသည်။

လှိုင်းဘွဲမြို့နယ်၊ ရွာသာအေး မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာအတွင်းရှိ မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းကုန် ထုတ် သမဝါယမအသင်း လီမိတက်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက်လုပ်ငန်းဆောင် ရွက်နေမှုအား ယနေ့နံနက်(၈)နာရီအချိန်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ချောင်ဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ လာရောက်ပြီး ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to