ကျောက်ဆည် ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပြည်သူများသည် စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်ပင်များကို မိမိတို့နေအိမ်ခြံဝန်များတွင် စိုက်ပျိုးထားရှိခြင်းဖြင့် မိသားစုဝင်ငွေအထောက်အကူဖြစ်သည့်အပြင် ပိုလျှံဟင်းသီး၊ ဟင်းရွက်များအား ရောင်းချရသဖြင့် မိသားစု အပိုဝင်ငွေများရရှိကြောင်း သိရသည်။
ဟင်းသီး၊ ဟင်းရွက်ပင် စိုက်ပျိုးခြင်းများနှင့်ပတ်သက်၍ နေအိမ်ဝိုင်းက ကျယ်တော့ မြေလွတ်သည့်နေရာများတွင် မီးဖိုချောင်စရိတ်အထောက်အကူဖြစ်စေဖို့ ခရမ်း၊ ခရမ်းချဉ်သီး၊ မုံလာဥ၊ ဆလပ်ပင်များကို မြေဘောင်များပြုလုပ်ကာ စပါးခွံပြာ မြေဆွေးများဖြင့် စိုက်ပျိုးထားကြောင်း၊ ခုလိုစိုက်ပျိုးခြင်းဖြင့် ဟင်းချက်စရာများ ဝယ်ယူစရာမလိုသည့်အတွက် ထွက်ငွေနှင့်အိမ်သုံးစရိတ်များ သက်သာပြီး ထွက်ရှိ လာတဲ့ အသီးအရွက်များကို အနီးပတ်ဝန်းကျင်သို့ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း ဟင်းသီး၊ ဟင်းရွက်ပင်များစိုက်ပျိုးထားသည့် ဦးထွန်အောင်ရွှေ ထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)