ဘားအံ ဒီဇင်ဘာ ၁၅
ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့်ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေးရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပခဲ့သည်။
အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲနှင့်နှစ်ယောက်တွဲပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများမှ အားကစားသမား ၆၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းဥပဒေဘောင်အတွင်းမှ သန့်သန့်ရှင်းရှင်းနှင့်ယှဉ်ပြိုင်အနိုင်ယူကစားကြစေလိုပြီး အားကစားသမားကောင်းစိတ်ဓာတ်ဖြင့် မိမိတို့၏စွမ်းရည်ကို အကောင်းဆုံးပြသ၍ ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)