ပေါင်းတည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးထားရှိမှုများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ပေါင်းတည်မြို့နယ်ရှိ တောင်သူများအနေဖြင့် ယခု ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံအတွက် ပဲတီစိမ်း စုစုပေါင်း ၉၇၃၂ဧကနှင့် မတ်ပဲ စုစုပေါင်း ၄၂၀၇၉ ဧကတို့ကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေး ရည်မှန်းလျက် စိုက်ပျိုးခဲ့ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် ဆန်စပါးအပါအဝင် ပဲမျိုးစုံကို အရည်အသွေးမီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်တောင်သူများအား မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့က အားပေးကူညီ ဖြည့်ဆည်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် သဘာဝမြေဩဇာပိုမိုသုံးစွဲနိုင်ရေးနှင့် ဓာတုဓာတ်ကြွင်းကင်းစင်သည့် သီးနှံများထွက်ရှိနိုင်ရေး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား