တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ခတ္ထိ ယကျေးရွာရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီ တာဝန်ခံ ဒေါ်စန်းစန်းမြင့်မှ ဝါဝါဝင်းကုမ္ပဏီ၏ Delta Queen အအေးခန်းငါး ထုတ်လုပ်မှုလုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုမ္ပဏီဝန်းအတွင်းလုပ်ငန်း ဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။