ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီ ခရွန်ရောဂါကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူး စက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်(၈)နာရီအချိန်က မီရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည် သူများအား MaskCampaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စားသုံးဆီဖူလုံပိုလျှံစေရေး ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးလျက်ရှိပြီး    ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဒေသခံကျေးလက်နေ တောင်သူများက ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရကာ ဆောင်းနေကြာသီးနှံ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။

မအီမြို့တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝေကျေးရွာ အ.ထ က (ခွဲ)နှင့် သိမ်ကျောင်းပြင်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတို့တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ (၂၁)ရက် ယမန်နေ့က ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား သတင်းတု သတင်းမှားများခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက် SEA & LAKE Gardenသို့ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှလာ‌ရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် SEA & LAKE Garden နှင့် ကမ်းခြေသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ဦးဆောင်သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှ ပြိုင်ပွဲ ဝင်များ၊ကြီးကြပ်သူများ (၃၀၀)ဦး ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကရောက်ရှိပြီး လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၁၇ရက်နေ့တွင်ကျရောက်တော့မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၂၁ရက် နံနက်၁၀နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်မြို့နယ်အခြေခံပညာကျောင်း အုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရတနာတန် ဆောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငပုတောမြို့ အာဇာနည်ပန်းခြံဝန်းအတွင်းရှိ ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်​ ဆောင်ရွက်ပြီးစီးမှုနှင့် အားကစားပစ္စည်းများ တပ်ဆင်​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ ​တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ပန်းခြံဝန်းအတွင်း ပန်းခြံပတ်လမ်းအား ကွန်ကရစ်လမ်းအ​ဖြစ် အဆင့်မြှင့်တင်  ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခြံအတွင်းအာကစားပစ္စည်းများ တပ်ဆင်ဆောက်ရွက်နေမှုအားယမန့်နေ့နေ့လယ်(၂)နာရီ အချိန်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သူနှင့် အဖွဲ့ဝင် (၂) ဦးသန်းဦးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြဝတီမြို့၌ ဆောင်းနေကြာ ဧကတိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား ဒုတိယအကြိမ် နေကြာမျိုးစေ့ထောက်ပံ့

ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးနှင့် မိသားစုစီးပွားရေးကို အထောက်အကူပြုစေရး ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းက ဆောင်းနေကြာသီးနှံ ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအကြိမ် မျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to