သိန္နီမြို့တွင်  လူဦးရေစာရင်း မှန်ကန်မှုရှိစေရေးဆောင်ရွက်နေမှုများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

သိန္နီ    အောက်တိုဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်တွင် ပါဝင်သည့် လွတ် လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းများ မှန်ကန်မှု ရှိစေရေး စိစစ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်လျက်ရှိရာ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်တို့တွင် ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း ဦးဆောင်၍ မြို့နယ် လဝကမှူး ဦးအောင်ကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် မြို့မိမြို့ဖ ဦးသန်းထွန်း၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးသက်နိုင်ထွန်းနှင့် ဌာနဆိုင် ရာ ဝန်ထမ်းများပါဝင်သော  ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်အတွင်းရှိ လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်ရှိ လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ပြင်ဆင်/ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် စစ်ဆေးခြင်းလုပ်ငန်း များနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)