ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံ‌ ဆွေးနွေးပွဲ ကော့မှူး၌ဖွင့်လှစ်

ကော့မှူး အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်မားတိုးတက်စေရေးအတွက် မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်‌ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်က ပညာရေးဌာနသည် အရေးကြီးသည့် ဌာနတစ်ခု ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အခြေခံပညာ‌ဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကိုတက်‌ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဆရာကြီးဆရာမကြီးများကို မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းတစ်‌ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည် အရေးကြီးကြောင်း၊ ယုံကြည်ချက်ခိုင်မာမှု၊ ခံယူချက်မှန်ကန်မှုကြိုးစားအားထုတ်မှုများ ပေါင်းစပ်နိုင်မှသာ ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်တာဝန်နှင့်စည်းကမ်းများကို တန်ဖိုးထားလေးစားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် လမ်းပြကြယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၂၉)ဦး တက်ရောက်ကြပြီး ဆွေးနွေးကို(၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)