သံတောင်ကြီး အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် မျှစ်များကိုတစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြု လုပ်ကြသည်။ယခုအချိန်တွင်မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက်မျှစ်ခြောက်များဝယ်လိုအားကောင်းကြောင်းသိရသည်။
မျှစ်ခြောက်များ တစ်နှစ်တာလုံးတာရှည်ခံစားသုံးနိုင်ရန် မျှစ်စိုများကိုပါးပါးခြစ်ကာ မနူးတနူးပြုတ်ပြီး အရည်စစ်၍ ထင်းမီး(သို့မဟုတ်)နေနှင့်အခြောက်ခံကာ လုံခြုံစွာသိုလှောင်ထားရှိရသည်။ မျှစ်ခြောက်များကို ကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်းရောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမကတောင်ငူ၊ ရန်ကုန်နှင့်အခြားနေရာဒေသများက မှာယူတင်ပို့ရောင်းချကြသည်။
အဆိုပါမျှစ်ခြောက်တစ်ပိဿာကို ကျပ်(၁၅၀၀၀)မှ ကျပ်(၁၆၀၀၀)အထိရရှိသည့်အတွက် မျှစ်ခြောက် လုပ်ကိုင်ရောင်းချသူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။
နော်နော်မူ