စဉ့်ကိုင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီးစာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏”အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာပေဝါသနာရှင်များ၊ စာဖတ်ပရိတ် သတ်များ BookClub အဖွဲ့ဝင်များ၊Youty Club အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်အသိအမြင်များ တိုးပွားလာခြင်း စာပေနှင့်ရင်းနှီးကျွမ်းဝင်စေပြီး စာဖတ်သည့် အလေ့ အကျင့်ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဉက္ကဋ္ဌ စာရေးဆရာရှေ့နေ ဦးဝင်းကြည်က စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)၏”အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ပါ လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ သည်။
ဆက်လက်၍ ဦးဝင်းမြင့် (Book Club)အဖွဲ့ဝင်က စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ ”အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ “စာအုပ်ပါ အခန်းကဏ္ဍများထဲမှ ပညာတတ်ဖို့ စာဖတ် ရမည် ခေါင်းစဉ်ဖြင့်သုတစာပေများများဖတ်လျှင် ဦးနှောက်ဖွံ့ဖြိုးသည်၊ ရသစာပေများများဖတ်လျှင် နှလုံးသားဖွံ့ဖြိုးသည်၊ ထိုစာပေနှစ်မျိုးစလုံးကို ဟန်ချက်ညီညီဖတ်လျှင်ဦးနှောက်ရော နှလုံးသားပါ ဖွံ့ဖြိုးပြီး ပတ်ဝန်း ကျင်နှင့် သဟဇာတဖြစ်အောင်နေတတ်သော ပညာတတ်လူငယ်အဖြစ် တင့်တင့်တယ်တယ် နေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာဖတ်ပရိသတ်များကလည်း စာအုပ်ပါအကြောင်းအရာများထဲမှ သိလိုသည်များကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)