အိမ်မဲမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး​၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇) ရပ်ကွက် သံလွင်တံတားအနီး သုံးမြှောင့်လမ်းဆုံတွင် အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါမဖြစ်စေရေးအတွက် Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် သင်္ကတုံကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုးစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရသည်။

ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်း (၃၅၀၀)ကျပ် အထိရောက်ရှိလာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း  ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံက သိရသည်။

ပိုင်ကျုံကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  အသက်နှစ်နှစ်အောက်  ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို  အောက်တိုဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက  ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် မိုးစပါးအထွက် တိုးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းကျေးရွာ ကွင်းအမှတ် (၆၂၈) ဦးပိုင် အမှတ်(၃၀) တောင်သူ ဦးဌေးလွင်၏ ဆင်းသုခမိုးစပါး စိုက်ခင်း (၁၀) ဧက၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မင်းလှ၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီချိန်က ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မမြစ်အတွင်း ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်ခဲ့သည်။
Subscribe to