ကျောက်ဆည်မြို့နယ် သင်္ကတုံကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုးစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရသည်။

နနွင်းသီးနှံသည် စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး ဈေးကွက်တွင်ရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၇) သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌တစ်ဧကတွင် နနွင်းအတက်အစိုအချိန် (၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာထွက်ရှိပြီး နနွင်းအခြောက်ကုန်ချိန်(၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာခန့်ရရှိကြေင်း နနွင်းစိုက်တောင်သူများထံမှ သိရှိရပြီး ကျောက်ဆည်မြို့နယ် တွင် နနွင်းသီးနှံများကို လက်ပံပင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံကျေးရွာအုပ်စုများတွင်(၇)ဧက၊ဇရပ်ဖြူ-ညောင်ရွေ-သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-အနောက်ရွာနန်း-လက်ပန်-ညောင်ဝန်း-ကြောင်ပန်းကုန်းကျေးရွာ အုပ်စုများတွင်(၂)ဧက၊ သင်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ-ရှမ်းတောင်ဦး-ပုထိုးနီကုလားကျောင်း ကျေးရွာအုပ်စု များတွင်(၁၁၁)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တော်တွင်-မြေစိုပါယ် ကျေးရွာအုပ်စုများတွင်(၇၉)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်း-ကျေးရွာအုပ်စု များတွင်(၁၁၅)ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်းကျေးရွာအုပ်စုများတွင် (၇၀၇)ဧက စုစုပေါင်း(၁၀၂၁)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လေယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သက်မောင်