ကျောက်တန်း အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းကျေးရွာ ကွင်းအမှတ် (၆၂၈) ဦးပိုင် အမှတ် (၃၀) တောင်သူ ဦးဌေးလွင်၏ ဆင်းသုခမိုးစပါး စိုက်ခင်း (၁၀) ဧက၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို ကျောက်တန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိူးသန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်း၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခတစ်ဧကလျှင် (၁၀၉.၃၇၅) တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)