ပိုင်ကျုံကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပိုင်ကျုံ   အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  အသက်နှစ်နှစ်အောက်  ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို  အောက်တိုဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက  ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို  မွေးစမှ   အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့်  ကိုယ်ဝန်‌ဆောင်မိခင်များတို့အား  ဘီစီဂျီ ဆုံဆို့၊  ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်( ငါးမျိုးစပ် ကာ ကွယ်ဆေး)၊ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊  ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုလည်းဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်နှစ်နှစ်အာက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လစဉ်(၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့)တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)