ကော့သောင်းခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပ
ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ကော့သောင်းခရိုင် နှင့် မြို့နယ် ဝန်ထမ်းပေါင်းစုံ (၂၈)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော်အား ယနေ့ နံနက် ၉ နာရီက၊ ပြည်တော်အေးစေတီတော်၊ သာသနာ့ဗိမ္မာန်တော်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။