မင်းလှ၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်

မင်းလှ အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီချိန်က ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မမြစ်အတွင်း ဇီဝိတဒါနငါးလွတ်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါ‌ ငါးလွတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေဝေသွယ်နှင့် ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ (၆၆)အုပ်စုစာရေးဝန်ထမ်းများ စုပေါင်း၍  ငါးမြစ်ချင်းကောင်ရေ (၂၀၀၀)ကို မြစ်မမြစ်အတွင်း ဇီဝိတဒါနငါးလွတ်ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုအပြင် ထန်းပင်ကုန်ကျေးရွာအနီး တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော်မြတ်တို့တွင် တံမြက်စည်းလှဲခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ဘုရားပန်းများ ကပ်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)