တောင်တွင်းကြီးမြို့နယ်တွင် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ထိန်း/အထွေထွေပုံလျှံ ရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။