မိသားစုဝင်ငွေတိုးပွားရေး အသိပညာပေး Talk Show ပြုလုပ်

မိသားစုဝင်ငွေတိုးပွားရေး အသိပညာပေး Talk Show ပြုလုပ် ရမည်းသင်း ဇန်နဝါရီ ၈ ခရိုင် (ပြန်/ဆက်)

တောင်တွင်းကြီးမြို့နယ်တွင် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ထိန်း/အထွေထွေပုံလျှံ ရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကသာမြို့၌ အိမ်တွင်းမှု မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုမုန့်လုပ်နည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မဲဇလီကျေးရွာအုပ်စု၊ ထူးပေါက်ကျေးရွာ၌ ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ (ကွင်းဆင်း)ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါဦးစီးမှူးရုံးများသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်‌ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ရွှေရတုခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ကြွမ်းတောင်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့ အလယ်မန်ကျေးရွာ အထကကျောင်းနှင့်မူလွန်ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက် ယမန်နေ့နံနက်ပိုင်းက အလယ်မန်ကျေးရွာ အမှတ်(၁)ရပ်ကွက်ရှိ မူလွန်-အလယ်မန်ကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to