ရမည်းသင်း ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၈) စက်မှုလယ်ယာစခန်း ရမည်းသင်းမြို့မှ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် လက်တွေ့ကွင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက အင်ကြင်းကန်ကျေးရွာ တောင်သူဦးဇော်၏ လယ်မြေ၌ ကျင်းပသည်။
အဆိုပါသရုပ်ပြပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟဇော်က ကောက်ရိုးထုံးစက်ဖြင့် အသုံးပြုရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး လက်တွေ့စမ်းသပ်ပြသသည်။ ထို့နောက် အင်ကြင်းကန်ကျေးရွာ ဒေသခံတောင်သူများအား မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ရိတ်သိမ်းပြီးလယ်ကွက်များရှိ ကောက်ရိုးများအား စနစ်တကျသိုလှောင်ထိန်းသိမ်းနိုင်ရေးအတွက် ကောက်ရိုးထုံးစက် အသုံးပြုရမည့်နည်းလမ်းများကို အင်ကြင်းကန်ကျေးရွာ တောင်သူဦးဇော်နှင့်တကွ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာ ခဲ့ကြောင်းသိရသည်။
ဟိန်းပြည့်ဇော်