ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် 191 Sticker  များ ကပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ပြည်သူများ မီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကိုယနေ့ နံနက်(၇)နာရီခွဲအချိန်က ဈေးလမ်းဆုံ၊ ကလိန်အောင်နယ်မြေမီးသတ်စခန်းရှေ့နှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် အလှူငွေများ လှူဒါန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၁၂၁) နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက်၊ လွှစဉ်တန်းရပ်ရှိ ရှေးဟောင်းဘုရား (၆) ဆူ ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ မျှော်အင်းလမ်းသွယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်အကြို အားကစားပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာရှိ ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီက ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်အကြို အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၅)ရက်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများ ကံဦးဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း

ဒီဇင်ဘာ ၁၈ ရက်၌ ကျရောက်မည့် မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖြူးမြို့နယ်၊ ဒိုင်းတရာ(တောင်)ကျေးရွာ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေ လမ်းခင်းခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မှုပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(တောင်) ကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေ လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက် တပ်ဆင်ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမူအား ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးနှင့် ဖြူးမြို့နယ် ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မရမ်းကွင်းကျေးရွာအုပ်စု၊ မရမ်းကွင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သို​ဒေသတွင် အာ​ရေဗီးကား ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော အာရေဗီးကား ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။
Subscribe to