အမရပူရ ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာရှိ ပန်းတိုင်သီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရာများကို အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းတာဝန်ခံများကဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ကွင်းဆင်းစစ်တမ်းကောက်ယူလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းစစ်တမ်းကောက်ယူရာနေရာသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယခု ကွင်းဆင်းစစ်တမ်းကောက်ယူမှုကို အမရပူရမြို့နယ်အတွင်းရှိ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းမရသည့် တောင်သူ ၁၅၀၀ ဦးခန့်အား စစ်တမ်းကောက်ယူသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုးသီဟ(အမရ)