ငါန်းဇွန် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံတည်နေရာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဗိုလ်၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်ခိုင်ဇာလင်းနှင့် မြို့နယ်/ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ငါန်းဇွန်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မဲရုံပြုလုပ်မည့်တည်နေရာများသို့ ကွင်းဆင်း၍ မဲရုံအဆောက်အဦဝန်းကျင် ကြည့်ရှုခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)