ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး    

ငါန်းဇွန် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမနှင့် မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနခွဲများတွင် ပြည်သူလူထုအခြေပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန် ဒေါက်တာ စိုးမိုးအောင်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အသက် ၉.နှစ်မှ ၁၁နှစ်အတွင်း ၁၂နှစ် မပြည့်သေးသူ မိန်းကလေးများအား ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြပြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် (၅၃)ဦး၊ မြို့သာ တိုက်နယ်ဆေးရုံတွင် (၁၀၂)ဦး၊ သံဘိုကျေးလက်ကျန်းမာရေးဌာနခွဲတွင် (၅၆)ဦး၊ ခြင်္သေ့လက်ကျန်းမာရေးဌာနခွဲတွင် (၁၁၅)ဦးနှင့် ဂျိုကျေးလက်ကျန်းမာရေးဌာနခွဲတွင် (၅၃)ဦး စုစုပေါင်း (၃၇၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)