ညောင်ဦး ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ အဓိကသီးနှံပန်းတိုင်အထွက်နှုန်း သတ်မှတ်သီးနှံများ ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန်ကစတင်၍ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ညောင်ဦးခရိုင်အတွင်း အဓိကသီးနှံများ ကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် ညောင်ဦးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင် ကြီးကြပ်ကာ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများ၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်း၊ အဓိကအကြောင်း အရာများ စိစစ်မေးမြန်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး၊ ညောင်ဦးမြို့နယ်ကျေးရွာအုပ်စုတာဝန်ခံ ဝန်ထမ်း ၂၇ ဦးက အဓိကသီးနှံစိုက်ပျိုး တောင်သူ ၂၇၀၀ ဦးအား မြေပြင်အမှန်စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း