စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ နိင်ငံသားအခွင့်အရေးစံချိန်များ ခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများ ဖြေရှင်းပေးရန်၊ စားသုံးသူ အသိပညာပေးခြင်များ ဆောင်ရွက်ပေးရန်တို့ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။