သာကေတမြို့နယ်၌ ဆောင်းရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုလေ့လာခြင်းဖြင့် အားလပ်ရပ်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အားကစားသင်တန်းများမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ ယနေ့ နံနက် ၇ နာရီအချိန်၌ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။