သာကေတမြို့နယ်၌ ဆောင်းရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

သာကေတ နိုဝင်ဘာ       

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုလေ့လာခြင်းဖြင့် အားလပ်ရပ်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အားကစားသင်တန်းများမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ ယနေ့ နံနက် ၇ နာရီအချိန်၌ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

ဆောင်းရာသီအခြေခံ အားကစားသင်တန်း၌ တိုက်ကွမ်ဒိုအခြေခံကစားနည်းနှင့် ဘော်လီဘောအခြေခံ ကစားနည်းများကို သင်ကြားခဲ့ရာ တိုက်ကွန်ဒိုနည်းပြ ဦးစိုးထွဋ်ဦးနှင့် ဘော်လီဘောနည်းပြ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းတို့မှ သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းအား နိုဝင်ဘာလ () ရက်နေ့မှ ဒီဇင်ဘာလ () ရက်နေ့အထိ ()လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (:၀၀)နာရီမှ (:၃၀)နာရီအထိ သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂၉) ဦးမှ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)