မိုင်းယောင်း၌ “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ” အကြောင်း ဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ”အကြောင်း ဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။