ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ)ခုံကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် (တစ်နှစ်ခွဲ)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များအား အသိ ပညာပေးပိုစတာများစိုက်ထူးခြင်း၊လက်ကမ်းစာစောင်များ အသိညာပေးဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပညာဆောင်ရွက်လျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ဘုရားငါးဆူ၌ ရွှေကြာသင်္ကန်း ကပ်လှူပူ‌ဇော်မည်

၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဗုဒ္ဓရုပ်ပွားတော်နှင့် အာရုံခံတန်ဆောင်းလေးခု၌ရှိသည့် ဘုရားလေးဆူတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် သစ်သီးဆွမ်းကပ်လှူခြင်းတို့ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

သာယာဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယနေ့နံနက်ပိုင်းက သာယာဝတီ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် သင်တန်းဖွင့်ပွဲကျင်းပလျက်ရှိသည်။

ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်ယိုထိုးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မိသားစုစားဝတ်နေရေး  အဆင်ပြေစေရေးနှင့် အပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်သီးယိုထိုးခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၁၂)ရပ်ကွက်ရှိ မြင့်မြတ်ပညာကိုယ်ပိုင်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to