မာန်အောင်အ.ထ.က မိသားစု(၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့အ.ထ.က မိသားစု(၃၁)အကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက မာန်အောင်မြို့အ.ထ.က အောင်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်(၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ကော့သောင်းမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အဏ္ဏဝါရပ်ကွက်အတွင်း  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် (၅)နှစ်​အောက်က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်​ဆေးထိုးနှံ​နေမှုအား ကြည့်ရှုအား​ပေး

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ(၃)ရက်နေ့(၀၉:၃၀) အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်-၂ ဦးအောင်၀င်းသန်း၊ မြို့နယ်အ​ထွေထွေ အုပ်ရုံးခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နှင့် မြို့နယ်တာဝန်ခံဆရာ၀န်ကြီး Dr သင်းသင်းနိုင်တို့ ပါ၀င်သောအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း၊ (၅)နှစ်အောက် ကလေးကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေး ထိုးနှံနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကိုယ်၀န်ဆောင်မိခင်များတစ်ဦးလျှင် ကြက်ဥ(၁၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။

မြေပုံမြို့နယ်၌ (၃) မွှာပူးမွေးဖွားသူ မိခင်နှင့် ကလေးများအတွက် လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာနေ ဦးအောင်စောသိန်း၏ ဇနီးဒေါ် နီလာဝင်း၌ (၃) မွှာပူး ယောကျ်ားကလေး (၃) ဦးကို  အောင်မြင်စွာမွေးဖွား၍ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မိခင်နှင့်ကလေးများအတွက် ထောက်ပံ့ငွေကို  ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပေးအပ်သည်။

ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးအတွက် အစည်းအဝေးကျင်းပ

ရသေ့တောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် စစ်ရှောင်စခန်းမှ မိသားစုဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ အစဉ်အလာမပျက် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ရသေ့တောင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာများ၊ စာသင်သား ကိုရင်များ၊‌ မေသီလရှင်များအား

ရသေ့တောင်မြို့နယ်တွင် (၂၈) ကြိမ်မြောက် မြို့မ အထက (၂) မိသားစု၊ စုပေါင်းမဟာဘုံ ကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့မအခြေခံပညာအထက်တန်း (အထက-၂) ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်းများမှ ကြီးမှူးကျင်းပသော (၂၈) ကြိမ်မြောက် ပညာရေးမိသားစု၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် လှည့် လည်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်း မကြာမီပြီးစီးတော့မည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၁၂)တွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စက်တင်ဘာလဆန်းပိုင်းက လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကမမောင်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ်ကာကွယ် တိုက်ဖျက်ပြည့်သူ့အတွက်အကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။
Subscribe to