နတ်မောက်မြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ရှိအိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက် 

 နတ်မောက် နိုဝင်ဘာ ၄   

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးအတွက်  မြေပြင်အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်(၇) ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူး တို့က  လိုက်လံစစ်ဆေးခဲ့ကြသည်။

လူဦးရေစာရင်းမှန်ကန်စေရေးအတွက်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှိ ၆၆/၆ အိမ်ထောင်စုစာရင်းများနှင့် မြေပြင်လက်ရှိအိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ E-ID  Biographic Registration Software နည်းပညာ ဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသားများကို သတ်မှတ်ကာလအတွင်း  နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စုလူဦးရေ စာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများ ရှိ/မရှိ  မြို့ပေါ်(၇)ရပ်ကွက်သို့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။

လှဝင်း