သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ဆောင်းရာသီအားကစားသင်တန်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်သည့် ဆောင်းရာသီ အားကစားအခြေခံသင်တန်း၌ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်းများကို ယနေ့နံနက်(၇:၀၀)နာရီ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။

အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း  ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဥ်ကွင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ ထွေ/အုပ်၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ စည်ပင်၊ စာတိုက်ဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စာတိုက်ရုံးဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ ဝမ်ကောင်းကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် ကကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခြင်းနှင့် Mask Campaign ဆောင်ရွက်

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ် ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများအဖွဲ့မှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား တိုက်နယ်အလိုက် တာဝန်ပေးထားပြီးဖြစ်ရာ သက်ဆိုင်ရာတိုက်နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့နံနက် ၉ နာရီကဆောင်းနေကြာစိုက်ပျိုးနိုင်ရေး ရေတွင်းမြောင် မလွန်စမ်း၊ ကညင်းကြီး၊ စီးကျေးရွာများသို့သွားရောက်၍  ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သံတောင်ကြီးမြို့နယ် ထီးသူစောအထက်ကျေးရွာ၌‌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာအုပ်စု(၉)အုပ်စုအား ယနေ့နံနက်(၉)နာရီအချိန်က ထီးသူစော အထက်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

စမ်းချောင်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၁)နှစ်အထိ ကျောင်းနေနှင့်ကျောင်းနေပြင်ပ ​ကလေး(၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​​​

ရန်ကုန်တိုင်း​ဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင်  ကို​ဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့နံနက်(၉)နာရီက​ကျောင်းနေနှင့် ကျောင်းနေပြင်ပ ကလေး(၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်​ထိုး​နှံ​​ပေးခြင်းကို မုန့်လုပ်ဆောင်း ကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Center တွင်​ ထိုးနှံပေးခြင်းများ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များပုံ မှန်ဈေးနှုန်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်း ကျောင်းမှုအဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ယာဉ်ထိန်းတပ်ကြပ်ကြီး ဦးသန်းရွှေ ဦးဆောင်၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မစည်ပင်သာယာစျေးရှေ့၊ ဘူးသီးတောင် - မောင်တောသွားရာ မြို့ဝင်ဂိတ်နှင့် အနောက်ဂွင်းစျေးတို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to