(၇၅)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သော (၇၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်အလှူတော်များ ယမန်နေ့ညနေ(၃)နာရီက လှည့်လည်ပူဇော်ခံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်ပါလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။