လှိုင်းဘွဲမြို့နယ်၊ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူးနှင့်တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြက်ဟင်းခါးသီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ နေ့စဉ်ဝင်ငွေရ

ကျိုက်မရောမြို့နယ် နတ်စမ်းစံပြကျေးရွာတွင် မိသားစုနေစဉ်ဝင်ငွေရရှိစေမည့် စားဖိုဆောင်စားသုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်ဟင်းခါးသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် အထွက်နုန်းကောင်း၍ စျေးနှုန်းလည်းကောင်းသဖြင့် မိသားစုနေ့စဉ်ဝင်ငွေရှိနေကြောင်း သိရသည်။

သထုံခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ ဧကဒဿမ အကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆပ်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက သထုံမြို့ ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဝေဇယန္တာကျောင်းတိုက်၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ ခွဲနာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နိုင်ငံတာ်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

မိုင်းကိုင်မြို့နယ်တွင် (၃၂) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် (၃၂)ကြိမ်မြောက်၊ မြို့နယ်လုးဆိုင်ရာ မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီ က ရွှေမြင်ထင်မွေတော်(မြောက်ကျောင်း) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ( ၉၆ ) ကြိမ်မြောက် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၏ ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ စေတီတော်အတွင်း ရက်လုပ်လျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပဓာနိကာရာမကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့တွင် (၃၁) ကြိမ်မြောက် မြိုနယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သဘာဝဘိုးဘွားရိပ်သာကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာစိုက်ထူခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများစိုက်ထူ၍ အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to