ကျောက်ဆည်မြို့တွင် တစ်ဧကစပါး တင်း(၁၀၀)ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားသော မနောသုခစပါး ဧက(၅၀)အောင်မြင် ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဒေသတွင်း ဆန်းစပါး ဖူလုံပိုလျှံစေရန်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်ဧကစပါး တင်း(၁၀၀)ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားသော မနောသုခ စပါး ဧက(၅၀)အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် မိုးစပါး စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။