မဟာမုနိဘုရားကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူ‌ဇော်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိ ဘုရားကြီးအား (၃၃) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ကျင်းပခဲ့‌သည်။ မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ ပန်းရောင်းသူများ ရောင်းအားကောင်း၍ အဆင်ပြေနေ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ပန်းရောင်းသူများက ပုံမှန်ဈေးနှုန်း ထက်ချိုသာစွာ ရောင်းချနေမှုကြောင့် ပန်းဝယ်သူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည်တစ်ဦးထံမှ သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားများ ဘုရားဖူးပြည်သူများဖြင့် စည်ကား

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၇)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်ဝင်ဘုရားကြီးများထဲမှ ကောင်းမှုတော်ဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင်  တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ သားငါးတန်းနှင့် ကုန်စိမ်းမျိုးစုံ‌ ရောင်းချနေသူများ ယခင်ကထက် ရောင်းအား ပိုမိုကောင်း

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် သားငါးတန်းနှင့် ကုန်စိမ်းမျိုးစုံ ရောင်းချနေသူများ ယခင်ရက်တွေထက် ပိုမိုရောင်းအားကောင်းကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့်စစ်ရှောင်စခန်းမှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍အစဉ်အလာမပျက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ စာသင်သားကိုရင်များ၊ မယ်သီလရှင်များအား မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကို ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော

မုဒုံမြို့၌ ဘုရားစေတီပုထိုးများတွင် (၉၆) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်

မွန်ပြည်နယ် မုဒုံမြို့တွင် (၉၆) ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညက သမိုင်းဝင် ဆံတော်ရှင်ကန်ကြီး စေတီတော်ရင်ပြင်၌ ကျင်းပသည်။

ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြ သည်။

မင်းဘူးမြို့၌ (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများက (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဧရာဝတီမြစ် ဖိုးရှိုးဆိမ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to